မင်္ဂလာပါ...ကျူတာမြန်မာမှ ကြိုဆိုပါတယ်...

Get to know us

TUTOR Myanmar သည် Future Vision Company တစ်ခုအဖြစ် လူငယ်များအတွက် အနာဂတ်ကို လမ်းပြပေးရန် ရည်ရွယ်ထားသော ပညာရေး၊ စီးပွားရေး နှင့် နည်းပညာ အခွင့်အလမ်းများကို ပေးသည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ လူငယ်တို့၏အနာဂတ်တည်ဆောက်ရန် အတွက် လမ်းညွှန်တစ်ခုအဖြစ် အတတ်ပညာများ၊ စီးပွားရေးဆိုင်ရာ အတွေ့အကြုံ စာပေများ နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပံ့ပိုးပေးနေပါသည်။

ကျွန်ုပ်တို့၏ လေ့လာရေးမြှင့်တင်မှု၊ စွန့်ဦးတီထွင်မှု နှင့် ခေတ်မှီ နည်းပညာ ပရိုဂရမ်များအား အသုံးပြု၍ လူငယ်များကို ပြိုင်ဆိုင်မှုအတွက် ကိုယ်တိုင်​လေ့လာသင်ယူနိုင်မယ့် သုတစာပေများ၊ စီးပွားရေးအဆင့်မြင့်လုပ်ငန်းများနှင့် ပညာရေးနည်းပညာ အသစ်များတိုးတက်ဖို့အတွက် အခွင့်အလမ်းများပေးနေပါသည်။

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ လူငယ်များကို လွတ်လပ်သောလမ်းကြောင်းများ၊ လုပ်ငန်းစဉ်များနှင့် နည်းပညာအသစ်များကို အသုံးပြု၍ အောင်မြင်မှုကို ရယူနိုင်စေခြင်းဖြစ်သည်။ TUTOR Myanmar သည် အမှီခိုးကင်းကင်းကြိုးစားနေကြတဲ့ လူငယ်တိုင်းအတွက် စီးပွားရေးလောကမှာ နည်းပညာနှင့် စွန့်ဦးတီထွင်မှုအတွက် လုပ်ငန်းများစွာကို ပံ့ပိုးပေးနေပါသည်။

အနာဂတ်ကို တည်ဆောက်ခြင်း၏ လမ်းပြသူ” - ကျွန်ုပ်တို့၏ ရည်မှန်းချက် ဖြစ်ပါသည်။ Write your text here...

ကုမ္ပဏီအကြောင်း

ကျူတာ(TUTOR)မြန်မာ သည် မြန်မာနိုင်ငံအတွင်းရှိ စွန့်ဦးတီထွင်လူငယ်များ၊ စီးပွားရေးလုပ်ငန်းများ နှင့် လူမှုရေးအဖွဲ့အစည်းများအတွက် အကောင်းဆုံးနည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ၊ အတွေ့အကြုံများကို ပံ့ပိုးကူညီပေးလျက်ရှိပါသည်။

ကုမ္ပဏီအမည်

TUTOR Myanmar Limited

တည်ထောင်သည့် ခုနှစ်

2024 ( October 1)

Yangon, Myanmar

ရုံးချုပ်

ကျွန်ုပ်တို့၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် ၊ တန်ဖိုးထားမှုများ

ကျွန်ုပ်တို့ ရည်မှန်းချက်

---

ကျူတာမြန်မာသည် လူမှုအသိုင်းအဝိုင်းကို ဦးစားပေးသော (People-First) ရည်ရွယ်ချက်များအတိုင်း ဆောင်ရွက်နေသည့် မြန်မာနိုင်ငံရှိ ခေတ်မီ ပညာရေးနှင့် နည်းပညာဝန်ဆောင်မှုပေးသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အကောင်းဆုံး ကွန်ရက်အပေါ် တည်ဆောက်ထားသော ကျူတာမြန်မာ၏ ဝန်ဆောင်မှုများသည် လူနေမှုဘဝများ၊ စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရန်နှင့် လူမှုအသိုင်းအဝိုင်းအကြား ချိတ်ဆက်မှုများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ထားပါသည်။ ကျွန်ုပ်တို့သည် စျေးနှုန်းသက်သာပြီး လုံခြုံမှုမြင့်မားသော၊ ကမ္ဘာ့စံနှုန်းမီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို မြန်မာပြည်သူများအတွက် ပံ့ပိုးပေးလျက်ရှိပါသည်။

နည်းပညာတိုးတက်မှုအပေါ် မျှော်လင့်ချက်များကိုဖြည့်ဆည်းနိုင်ရန်အတွက် ကျူတာမြန်မာသည် ပညာရေးနှင့် နည်းပညာကို ပေါင်းစည်းထားသော နည်းလမ်းအသစ်များဖြင့် ပညာရေးအတွေ့အကြုံများကိုလည်း တိုးတက်အောင် ဆောင်ရွက်နေပါသည်။ ဒစ်ဂျစ်တယ်သင်ကြားရေးပလက်ဖောင်းများ၊ တက်ကြွသောသင်ကြားမှုများ၊ နည်းပညာသုံးသပ်တတ်မှု တိုးတက်ရေးအစီအစဉ်များနှင့်အတူ မြန်မာပြည်သူများအတွက် သင်ယူဖွံ့ဖြိုးနိုင်စွမ်းကို တိုးမြှင့်ပေးခြင်းဖြင့် ပညာရေးနယ်ပယ်တွင်ပါ ကောင်းမွန်သောအကျိုးသက်ရောက်မှုကို ဆောင်ရွက်နေပါသည်။

တာဝန်ယူမှုအပြည့်အဝရှိသည့် စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို အမြဲတမ်းပြုလုပ်ကာ အားလုံးအတွက် ခေတ်မီသော ဒစ်ဂျစ်တယ်ဘဝကို တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

ကျူတာမြန်မာ၏ မျှော်မှန်းချက်မှာ မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သောဘဝအတွေ့အကြုံများရရှိစေခြင်း၊ ခေတ်မီသောချိတ်ဆက်မှုအရည်အသွေးများဖြင့် နည်းပညာနှင့်ပညာရေးလောကတွင် မျှတသည့်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ဦးဆောင်အဖွဲ့တွင် နိုင်ငံတကာနှင့် ပြည်တွင်း စီးပွားရေးအသွင်ကူးပြောင်းမှု ဦးဆောင်သူများ၊ ဆက်သွယ်ရေးနယ်ပယ်ကျွမ်းကျင်သူများနှင့် ဒစ်ဂျစ်တယ်နည်းပညာစီမံခန့်ခွဲမှုတွင် အတွေ့အကြုံပြည့်ဝသော မြန်မာလူမျိုးများ ပါဝင်လျက်ရှိပါသည်။

ကျူတာမြန်မာ ၏ ခိုင်မာသော ရည်ရွယ်ချက်သည် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးအခြေခံအုတ်မြစ်နှင့်အတူ ပညာရေးနှင့်နည်းပညာလောကကို ဆန်းသစ်တိုးတက်အောင် ပြောင်းလဲဖော်ဆောင်နေသော လုပ်ငန်းတစ်ခုအဖြစ် ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

---

အခြေခံတန်ဖိုးထားမှုများ

---

  • ဆောင်ရွက်ပြုမူ ကျင့်ဝတ်စည်းကမ်းများနှင့်အတူ

  • အားလုံးတူညီမခွဲခြား ဆောင်ရွက်တူညီအလေးထား

  • ယုံကြည်စွာထွက်ဆို အတွေးအခေါ်များကို

  • ဆောင်ရွက်တန်ဖိုးထား ကတိကဝတ်များ

Our team

Our strength lies in our individuality. Set up by Esther Bryce, the team strives to bring in the best talent in various fields, from architecture to interior design and sales.

woman wearing black scoop-neck long-sleeved shirt
woman wearing black scoop-neck long-sleeved shirt
Esther Bryce

Founder / Interior designer

woman in black blazer with brown hair
woman in black blazer with brown hair
Lianne Wilson

Broker

man standing near white wall
man standing near white wall
Jaden Smith

Architect

woman smiling wearing denim jacket
woman smiling wearing denim jacket
Jessica Kim

Photographer